Tuesday, December 25, 2007

ဓမ္မစကြာဟုသည်

စာအုပ်တစ်အုပ်ထဲက ဖတ်ဖူးထားတဲ့ ဓမ္မစကြာဆိုတဲ့ အဓိပ္ပါယ်ကို ရေးလိုက်ပါတယ်။ ဘယ်စာအုပ်မှန်းမသိတော့သလို ဘယ်သူရေးခဲ့မှန်းလဲ မမှတ်မိတော့ပါဘူး
ဓမ္မစကြာဟူရာ၌ ဓမ္မအရကား (၁) ကာယကံနှင် ၀စီကံ စောင့်ထိန်းမှု သီလ၊ (၂) စူးစိုက်မှု သမာဓိ နှင့် (၃) ဆင်ခြင်ဥာဏ် နှလုံးသွင်းမှု ပညာဟူ၍ အကျင့် သိက္ခာသုံးပါ ဖြစ်လေသည်။ စကြာအရကား လည်ပတ်ခြင်း အနက်ဖြစ်ပြီး အစဉ်ထာဝရ အမြဲမပျက်ရှင်သန်စေခြင်းကို ဆိုလို၏။ ထို့ကြောင့် ဓမ္မစကြာဟူသည် သီလ၊ သမာဓိနှင့် ပညာဟူသော စကြာပင် ဖြစ်သည်။
ထို၌ သီလစကြာဟူသည် အမြဲမပျက် အမှားကင်းအောင် စောင့်ထိန်းချုပ်တည်းမှု၊ သမာဓိဟူသော စကြာသည် အမြဲမပျက် ဖြောင့်မတ်တည်ကြည် စူးစိုက်မှုနှင့် ပညာဟူသော စကြာသည် အမြဲမပျက် မှန်ကန်စွာ စိတ်နှလုံးသွင်းမှုဟူ၍ အဓိပ္ပါယ်ရလေသည်။ သို့ဖြစ်၍ အမြဲမပျက် အမှားကင်းအောင် စောင့်စည်းချုပ်တည်း၍ ဖြောင့်မတ်တည်ကြည် စူးစိုက်ကာ အမြဲမပျက်မှန်ကန်စွာ ဆင်ခြင်နှလုံးသွင်းရမည် ဟူသတည်း။